တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပြန်လည်ရောက်ရှိ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhuge tovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ Sheremetyevo လေဆိပ်မှပြန်လည်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ သံမှူးကြီး ဦးဇော်လင်းနိုင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ည ၁၁ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Nikolay A. Listopadov ၊ စစ်သံမှူး Colonel Eduard OKLADNIKOVနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးတို့ ကိုလည်း တစ်ပါတည်းပြန်လည်ခေါ်ဆောင် လာခဲ့သည်။

ခရီးစဉ်အတွင်း Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

Recent News