ဘားအံမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေကြေးလိမ်လည်ရယူခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချနေသူတစ်ဦးအား ဖမ်းဆီးရမိ

 

ဘားအံမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေကြေးလိမ်လည်ရယူခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချနေသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၂၅
    
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာနေ ဘီလား(ဘ) ဦးမိုဗစ်ရာမန် ဆိုသူသည် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးအဖြစ် အယောင်ဆောင်၍ ဘားအံမြို့ပေါ်ရပ်ကွက်များ၌ ငွေကြေးလိမ်လည်ရယူခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ ရောင်းချ ခြင်းများ ပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးရှာဖွေရာ ဇွန် ၂၃ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘားအံမြို့၊ ကားကြီးဝင်း၌ ဘီလားအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် ၁ လက်နှင့်၎င်းကျည် ၃ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဘားအံမြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News