စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့်ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား

 

စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့်ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ၊  ဇွန် - ၂၇
    
ရခိုင်ပြည်နယ်၊ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းပေါ်၌ AA အကြမ်းဖက် သောင်းကျန်းသူများက ဒေသန္တရလက်လုပ်ရီမုမိုင်းများထောင်ထားကြောင်းသတင်း ရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရလက်လုပ်ရီမုရမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ဒေသန္တရလက်လုပ်ရီမုမိုင်း ၅ လုံး ဖော်ထုတ်ရရှိခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းတွင် AA အကြမ်းဖက် သောင်းကျန်း သူများက မိုင်းထောင်ထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့ခဲ့သဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြင့် လိုက်လံရှင်းလင်းဖော်ထုတ် ခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းဖော်ထုတ်စဉ် စစ်တွေမြို့၊ နည်းပညာကောလိပ် (GTC)  ရှေ့ရှိ စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၏ ဝဲ၊ယာဘက်ခြမ်းများ၌ ဒေသန္တရလက်လုပ်ရီမုမိုင်း ၂ လုံးတွေ့ရှိခဲ့သဖြင့် ရှင်းလင်းဆောင်ရွက်ချိန်တွင် ကားလမ်း၏ယာဘက်ခြမ်းရှိ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိ ကြောင်းနှင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင် များက  ဆက်လက်စစ်ဆေးဆောင်ရွက်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်း ၃ လုံး ထပ်မံတွေ့ရှိ ခဲ့ရပြီး သက်မဲ့ပြုလုပ်၍စနစ်တကျ သိမ်းဆည်းခဲ့ကြောင်းသိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများ ပြည်သူများအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၃၀ ရက်မှ ယနေ့အထိ အပြစ်မဲ့ ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကာ ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Recent News