မြေပုံမြို့နယ်၊ စံညှင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့်ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိ

 

မြေပုံမြို့နယ်၊ စံညှင်းကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့်ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရရှိ

နေပြည်တော် ၊  ဇွန် - ၂၇
    
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စံညှင်းကျေးရွာနေ မနန်းစု သည် ကျေးရွာအနီး ဂဏန်းထောင်ရန် သွားရောက်စဉ် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးနင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။
    
အဆိုပါမိုင်းထိလူနာအား ရွာသူ၊ရွာသားများက ကမ်းထောင်းကြီးမြို့၊ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Recent News