ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

 

ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော် ၊  ဇွန် - ၂၇
    
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ဇွန် ၂၆ ရက် မွန်းလွဲ  ၃ နာရီခန့်တွင် ဝိုင်းမော်မြို့ဘက်မှ ဆဒုံးမြို့ဘက်သို့ ဦးဇော်နော်(ဘ)ဦးလကော့ဂမ် မောင်းနှင်လာသည့်  CANDA-125   အမျိုးအစား  မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်မှ ဆပ်ပြာခွက် ၅၅၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄၄၀ ခန့်) ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို ဆဒုံး နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News