ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်) (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်)
၁။    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် ယနေ့ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ပြီး ၎င်းနေရာ၌ တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

၂။    လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည့် ၎င်းဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အပ်ပါသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Recent News