သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

 

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂
    
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကဖြူကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၃၀ ဘူးနှင့် မြင်တော်ကန်ကျေးရွာသို့ သုံးရေဂါလန် ၁၂၀၀ တို့ကို သွားရောက်ဖြန့်ေ၀ လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News