COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

 

COVID-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂
    
COVID-19ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကွမ်းလုံမြို့၊ ကျောက်မဲမြို့နှင့် သိန်းနီမြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နှင့် ကျိုးတောင်းမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့၊ ရေးမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ဘားအံမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့နှင့် မြိတ်မြို့တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ အလုံမြို့နယ်၊ ထန်းတပင်မြို့နယ်၊ သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့များ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ်တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ပြည်မြို့၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ ဝင်များ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက် ဆေးနည်းနှင့်Face Maskအသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊Surgical Gloves  များ၊Face Shield များနှင့် Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများနှင့် အခြေခံပညာကျောင်းများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။  
    
ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။        

 

Recent News