Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

 

Covid-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂
    
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နှင့် မိုင်းရယ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်မံတိုက်နယ်ဆေးရုံ၊ ဘော်ကြိုနှင့် နောင်အန်ကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊  ဗဟန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊  ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊N95 Mask  များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles)  များ၊ Digital B. P Cuff  များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊   Non - Contact Infrared Thermometer  များ၊ Examination Glove  များ၊ Patient Monitor  များ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscopeများ၊ အပူချိန်တိုင်းကိရိယာများ၊ နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။
    
ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News