မြေပြိုကျမှုကြောင့် ရေကန်အတွင်းမျောပါပျောက်ဆုံးခဲ့သည့် ရေမဆေးကျောက်တူးဖော်သူများအား ရှာဖွေကယ်ဆယ်

 

မြေပြိုကျမှုကြောင့် ရေကန်အတွင်းမျောပါပျောက်ဆုံးခဲ့သည့် ရေမဆေးကျောက်တူးဖော်သူများအား ရှာဖွေကယ်ဆယ်

နေပြည်တော် ဇူလိုင် ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ကုမ္ပဏီတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်၌ မြေအက်ကြောင်းနေရာအမြင့်ပေ ၅၀၀ ခန့်မှ မြေပြိုကျမှုကြောင့် အောက်ခြေ ရှိ လုပ်ငန်းရပ်နားထားသည့်ကုမ္ပဏီလုပ် ကွက်ရေကန်အတွင်းသို့ မြေစာများပြိုကျခဲ့ပြီး ရေလှိုင်းလုံးများဖြစ်ပေါ်ကာ လှိုင်းရိုက် ခတ်မှုကြောင့် လုပ်ကွက်နေရာများတွင် ရေမဆေးကျောက် ရှာဖွေတူးဖော်သူများမျောပါပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာမှတာဝန်ရှိ သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းရှာဖွေခဲ့ရာ ယနေ့ည ၇ နာရီ မိနစ် ၃၀ အထိ ရေမဆေးကျောက်ရှာဖွေသူ အလောင်း ၁၆၁ လောင်း၊ ဒဏ်ရာရရှိသူ ၃၁ ဦးကို ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး မျောပါပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။

Recent News