လောက်ကိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

 

လောက်ကိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

နေပြည်တော် ၊  ဇူလိုင် - ၈
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နေ့လယ် ၁ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၏ အနောက်တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာရှိ တာချူးရွှေကျေးရွာနေ လီလောက်စီး(ဘ)ဦးရှောက်ချင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ပြား၊ WY စာတန်းပါ နီ/ညို စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅၀၀ ပြား၊ WY စာတန်းပါခရမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ ပြား၊ တံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား၊ တံဆိပ်မပါ   အညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ပြား၊ တံဆိပ်မပါအစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ ပြား၊ ဘိန်းညိုမှုန့် ၆၅၀ ဂရမ်၊ ပန်းရောင်အမှုန့် ၄ ကီလို၊ အနံ့အမှုန့်အဖြူရောင် ၆ ဒသမ ၁ ကီလို၊ ကဖင်းအမှုန့် ၉ ဒသမ ၃ ကီလို၊ ဆေးပြားရိုက်တံ ၃၃ ချောင်း၊ ဆေးပြားထုတ်စက်(စတီး) ၂ လုံး၊ ကြွေကတော့ ၁ လုံး၊ ဖန်ပေါင်းချောင်း ၁ ခု၊ စတီးကတော့ ၁ ခု၊ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ် ၂၀၀၀ အိတ်၊(စုစုပေါင်း မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁ ဘီလီယံ ကျော်ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News