သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

 

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၈
    
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်၊ ကူသော်ကျေးရွာနှင့် မုံသော်ကျေးရွာသို့  သောက်ရေသန့်  ၂၀ လီတာဆံ့ ၁၀၀ ဘူးနှင့် လက်ပံအိုင်အရှေ့ကျေးရွာနှင့် လက်ပံအိုင်အနောက်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၂၀၀ ဘူးတို့ကို သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News