ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်-ရဲရွာ-ပြင်စာသွား ခရိုင်ချင်းဆက်ကားလမ်းဘေး၌ မူးယစ်ဆေးဝါးများ တွေ့ရှိ

ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်-ရဲရွာ-ပြင်စာသွား ခရိုင်ချင်းဆက်ကားလမ်းဘေး၌ မူးယစ်ဆေးဝါးများ တွေ့ရှိ

နေပြည်တော်၊ ဇူလိုင် - ၈
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ရဲရွာ ကျေးရွာအနီး၊ ကျောက်ဆည်-ရဲရွာ-ပြင်စာသွား ခရိုင်ချင်းဆက်ကားလမ်းဘေး၌ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်းထည့်ထားသည့် WY စာတန်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ ပြား၊ ပလပ်စတစ်အကြည်ဖြင့်ပတ်ထားသည့် ICE  အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ် (စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၄၄၀၀ ကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ကျောက်ဆည်မြို့နယ် မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News