၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၈
    
၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားမိသားစုဝင်များ၏ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးမြို့ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာ စာအုပ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ၊ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ ၂၂၆၇၇ ဦးအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံ များကိုလည်းကောင်း၊ စာသင်ကျောင်းများအတွက် လိုအပ်သည် အထောက်အကူပြုပစ္စည်း များနှင့်  Covid-19ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
    
ဆက်လက်၍ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Recent News