တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ

 

တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ

နေပြည်တော် ၊ ဇူလိုင် - ၉
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်းကျေးရွာ၏ အနောက်ဘက်မီတာ ၁၂၀၀ အကွာ တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားမှာပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ ကြောင်းသိရှိသည်။
    
ဖြစ်စဉ်မှာ တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတား အား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း တာဝန်သိ ပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့သဖြင့် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးစဉ် တံတားအောက်ခံ ယက်မ ၃ချောင်းအက်ကွဲခြင်း၊ ကမ်းကပ်ခုံအနည်းငယ်ပျက်စီးခြင်း၊ တံတားကြမ်းခင်းအကျယ် ၃ ပေပတ်လည်ခန့် ကတ္တရာ များပဲ့ထွက်ပျက်စီးခြင်းများတွေ့ရှိရပြီး ဖြစ်စဉ်နေရာတစ်ဝိုက်မှ ပေါက်ကွဲပြီးဖြစ်သည့် လက်လုပ်မိုင်းသံစများစစ်ဆေးတွေ့ရှိခဲ့သည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများ ပြည်သူများအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၃၀ ရက်မှ ယနေ့အထိ အပြစ်မဲ့ ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Recent News