အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ စာသင်ခုံများပေးအပ်လှူဒါန်း

 

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ စာသင်ခုံများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၉
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၌ နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော် သားများကလည်းကောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် သိရိဇေယျာရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်းတို့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
    
ထို့ပြင် ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၁၁ သိန်းတန်ဖိုးရှိ စာသင်ခုံ ၂၀ စုံကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ ဆရာ၊ ဆရာမများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News