လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများရယူ ခြင်းများ ဆောင်ရွက်

 

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များကို COVID-19  ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများရယူ ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၉
    
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၃ ရက်တွင် ကျင်းပပြုလုပ်ရန် ကြေညာထားပြီးဖြစ်သည်။
    
အဆိုပါလွှတ်တော်အသီးသီးသို့တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲ စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာ များရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်ခိုရေးစခန်း၌ ပြုလုပ်သည်။ ထို့သို့ဆောင်ရွက်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့အပြင် ၎င်းတို့၏ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့ များဖြစ်သော ရုံးတာဝန် ၅ ဦး၊ စားရိပ်သာတာဝန်ကျ ၂၈ ဦး၊ လွှတ်တော်ပို့ဆောင်ရေး ယာဉ်မောင်း ၁၀ ဦး၊ ဧည့်ယာဉ်မောင်း ၁၆ ဦးနှင့် ဆေးအကာအကွယ်တာဝန်ကျ ၃ ဦး၊  သန့်ရှင်းရေးတာဝန်ကျ ၁၄ ဦး စုစုပေါင်း ၂၄၂ ဦး တို့၏ ဓာတ်ခွဲနမူနာများကိုရယူကာ နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိ  Cobas 6800  ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

Recent News