ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ ရွာတွင်းဂဝံမြေသားလမ်း ခင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်

 

ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ ရွာတွင်းဂဝံမြေသားလမ်း ခင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၉
    
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာရှိ  ဒေသခံပြည်သူ များ သွားလာရေးအဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ကျေးရွာတွင်းအရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ ပေရှိ ဂဝံမြေသားလမ်းခင်းပြုပြင်ပေးခြင်းနှင့် အမြင့် ၁ ပေရှိ ဂဝံမြေသားလမ်းဖြင့် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်မတော်သားများက လိုအပ်သည်များကူညီဆောင်ရွက်ပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News