Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်း များ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်း များ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

နေပြည်တော်၊  ဇူလိုင် - ၁၀
    
တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းသည်။
    
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာ ဦးထွန်းမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19)  ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks  ၂၀၀၀၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Gown  ၅၀၀ခု ၊ Glove ၁၀၀၀ခု၊ Sodium Hypochloride ၃ ပုံး၊Fetal Doppler ၊ CTG Machine (Fetal Monitor)  (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound ၊ Portable X-Ray တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။
    
ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊ ရွှေဖီဦးအထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူ၍ ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 


Recent News