တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် COVID-19  ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ်လေးမျိုး ပေးအပ်လှူဒါန်း

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် COVID-19  ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ်လေးမျိုး ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၀
    
COVID-19  ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရိက္ခာအမယ်လေးမျိုးကို ပေးအပ်လှူဒါန်းသည်။
    
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်း၊ မြန်မာနိုင်ငံပန်းချီ ပညာရှင်များအဖွဲ့ (Win Foundation) ဥက္ကဋ္ဌ ဦးလှတင်ထွန်း၊ မြန်မာနိုင်ငံအားကစား မီဒီယာ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ မြန်မာနိုင်ငံဆိုင်းပညာရှင်များအဖွဲ့ အတွင်းရေးမှူး မွန်ပြည်နယ်ကိုကိုနိုင်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် တို့နှင့် နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
    
ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ဆား ၁၀၀၀ ပိဿာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့ ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူသည်။
    
ယင်းနောက် အစည်းအရုံးများကိုယ်စား  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

Recent News