နေရပ်ပြန်အလုပ်သမားများအား စားသောက်ဖွယ်ရာများပေးအပ်

 

နေရပ်ပြန်အလုပ်သမားများအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူ - ၁၀
    
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း  ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး တာချီလိတ်မြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက် လာသော နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၈၅ ဦးသည် ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ၎င်းင်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် တာကော်၊ ကွန်ဟိန်းမြို့၊ ခိုလမ်မြို့နှင့် နမ့်စန်မြို့များသို့ ဖြတ်၍ ပြန်လည်ထွက်ခွာကြသည်။
    
အဆိုပါ နေရပ်ပြန်အလုပ်သမားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးပြီး လိုအပ်သောကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Recent News