လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနှင့်အထောက်အကူပြုအဖွဲ့များ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ

 

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနှင့်အထောက်အကူပြုအဖွဲ့များ COVID-19  ရောဂါပိုးတွေ့ရှိမှု မရှိ

နေပြည်တော်၊ ဇူလိုင် - ၁၀
    
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များအား COVID-19 ရောဂါနှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့်  စစ်ဆေးလျက်ရှိကြောင်း သတင်းအား ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
    
စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့အပြင် ၎င်းတို့၏ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များဖြစ်သော ရုံးတာဝန် ၅ ဦး၊ စားရိပ်သာတာဝန်ကျ ၂၈ ဦး၊ လွှတ်တော်ပို့ဆောင်ရေး ယာဉ်မောင်း ၁၀ ဦး၊ ဧည့်ယာဉ်မောင်း ၁၆ ဦးနှင့် ဆေးအကာအကွယ်တာဝန်ကျ ၃ ဦး၊  သန့်ရှင်းရေးတာဝန်ကျ ၁၄ ဦး စုစုပေါင်း ၂၄၂ ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှုမရှိ(မရှိ)ကြောင်း သတင်းရရှိသည်။

Recent News