COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

 

COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၁
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံ၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးနှင့် လယ်ဝေး မြို့နယ်ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ပြည်သူ့ဆေးရုံနှင့် ဟဲဟိုးမြို့တိုက်နယ်ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မိုင်းယောင်းမြို့ နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံကြီးနှင့် ကျုံဒိုးတိုက်နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်ဆေးရုံ၊ ဟင်္သာတမြို့၊ မြန်အောင်မြို့နှင့် အိမ်မဲမြို့တို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံနှင့် စေတုတ္တရာပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လေးမိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေကျင်မြို့ အထွေထွေရောဂါကုဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို  နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာနှင့် ဝက္ကမူကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လေးမိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေကျင်မြို့ အထွေထွေရောဂါကုဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 


Recent News