COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၂

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ ဇေယျသုခကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ ကုန်းကျောင်းစာသင်တိုက်၊ ပြည်မြို့၊ သင်္ခမ်းကြီးဘုန်းတော်ကြီးကျောင်းနှင့် ပုထိုးကြီး ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ ကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ကလောမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ မိုးဗြဲမြို့၊ အောင်ပန်းမြို့၊ ရပ်စောက်မြို့၊ မိုင်းကိုင်မြို့၊ မိုင်းပန်မြို့နှင့် နမ့်စန်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရေးမြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘားအံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့နှင့် ကျွန်းစုမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ အဖျောက် မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ကော့မှူးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အိမ်မဲမြို့နှင့် မော်လမြိုင်ကျွန်းမြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် သာစည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နှင့် ပြည်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွား ရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို C OVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Maskအသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Surgical Gloves များ၊ Face Shield များနှင့် Face Mask များ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူအသုံးပြုသော နေရာများနှင့် အခြေခံ ပညာကျောင်းများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ် များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

 


Recent News