တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဇူလိုင် - ၁၂
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ ၍ ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းနှင့် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီး ရင်ပြင်တော်ကြမ်းခင်းများပြုပြင်ခြင်းလုပ်ငန်းနှင့် ရင်ပြင်တော် နေပူခံ ကျောက်ပြားများ ခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးရာ ဂေါပကအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ် သည်များ ဆွေးနွေးမှာကြားခဲ့သည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်   ကြီးပေါ်မှတစ်ဆင့် တောင်ကြီးမြို့၏ နေဝင်ချိန်ရှုခင်းကို ကြည့်ရှုသည်။ ယင်းနောက်  ဘက်စုံအလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ် တမ်းစာအုပ်တွင် "ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်ပြီးဖူးမြော်ခွင့် ရသဖြင့် များစွာကြည်နူးဝမ်းသာရပါကြောင်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာတည် သရွေ့ ခိုင်မြဲထွန်းလင်းတောက်ပစေရေး အားလုံးကုသိုလ်ပါဝင် ဆောင်ရွက်ကြစေလိုပါ ကြောင်း"ဖြင့် ရေးသားပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News