ကျောက်ဖြူမြို့နယ်အတွင်း ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော စက်လှေပေါ်မှ ခရီးသည် များအား ကူညီကယ်ဆယ်

ကျောက်ဖြူမြို့နယ်အတွင်း ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော စက်လှေပေါ်မှ ခရီးသည် များအား ကူညီကယ်ဆယ်

နေပြည်တော် ၊  ဇူလိုင် - ၁၂
    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကျောက်ဖြူမြို့မှ ဝါးတောင်ကျေးရွာသို့ ထွက်ခွာလာသည့် ဦးစံလှအောင် ပိုင်ဆိုင်သည့် စက်လှေ ၁ စီးသည် ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်ဖြူမြို့၏အရှေ့တောင်ဘက် ရေမိုင် ၄ ဒသမ ၅ မိုင်ခန့်အကွာ၊ သစ်ပုတ်တောင်ကျေးရွာအနီး စက်လှေပန်ကာနှင့် ငါးဖမ်းပိုက်များငြိ၍ ပြုတ်ထွက်ပြီး ရေများဝင်ရောက်ကာ နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ရေယာဉ်ပေါ်မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်က လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးကာ သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။

Recent News