ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များအတွင်းမှ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များအတွင်းမှ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ၊ ဇူလိုင် - ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြက်ပေါင်ခြံရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်များအတွင်းသို့ မြစ်ရေများဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၀၄ ဦးတို့သည် မြို့ပေါ်ရှိ ရေကင်းလွတ်ရာ နေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News