တောင်ငူမြို့၊ ရွှေဆံတော်စေတီတွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဗုဒ္ဓစွယ်တော်မြတ်ထားရှိမည့် စွယ်တော်တိုက်ကျောင်းဆောင်အတွက် အလှူငွေများပေးအပ် လှူဒါန်း

တောင်ငူမြို့၊ ရွှေဆံတော်စေတီတွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဗုဒ္ဓစွယ်တော်မြတ်ထားရှိမည့် စွယ်တော်တိုက်ကျောင်းဆောင်အတွက် အလှူငွေများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၂
    
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရွှေဆံတော်စေတီတွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဗုဒ္ဓစွယ်တော်မြတ်ထားရှိမည့် စွယ်တော်တိုက်ကျောင်းဆောင်အတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် စွယ်တော်ပင့်ဆောင်ပူဇော်ရန်အတွက် ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက် ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် အလှူရှင်များက ကြာနီကန်စာသင်တိုက် ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။    ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက ဗုဒ္ဓမြတ်စွယ်တော်ပွားများ ပင့်ဆောင်ပူဇော် ခြင်းနှင့် စွယ်တော်တိုက်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအရပ်ရပ်အား သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
    
အဆိုပါ တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင် စွယ်တော်တိုက်ကျောင်းဆောက်လုပ်ခြင်းနှင့် ဗုဒ္ဓမြတ်စွယ်တော်ပွားများ ပင့်ဆောင်ပူဇော်ခြင်းကို သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူ၍ တောင်ငူမြို့ သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ်ကျောင်းအုပ် ဆရာတော် အရှင်တိက္ဓသာရ ဦးဆောင်ပြီး စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းပူဇော်ခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ပွားများသည် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူဗုဒ္ဓတက္ကသိုလ် ၄ ခုမှ ကျောင်းအုပ်ဆရာတော်များ၊ စာချကထိကများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးကြွရောက်စဉ် ပေကျင်းမြို့၊ လင်ကွမ်းကျောင်း တော်တွင် ကိန်းဝပ်စံပါယ်တော်မူနေသည့် ဗုဒ္ဓမြတ်စွယ်တော်၏ ရင်ငွေ့တော်လှုံကာ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခဲ့သည့် စွယ်တော်ပွားကိုးဆူအနက်မှ တစ်ဆူဖြစ်ပြီး တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်စွယ်တော်တိုက်ကျောင်းဆောင် လက်ဝဲဘက်တွင် သီတင်းသုံးစံပါယ်အပူဇော်ခံသွားမည်ဖြစ်ကာ လက်ယာဘက်တွင် သီရိလင်္ကာ နိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်ပူဇော်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်ပွား သီတင်းသုံးစံပါယ်အပူဇော် ခံလျက်ရှိကြောင်း သတင်းရရှိသည်။

Recent News