ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်အတွင်း ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ ဖမ်းဆီးရမိ

 

ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်အတွင်း ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၁၄
    
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ၂၁ မိုင်ကျေးရွာအနီးရှိ မန္တလေး-လားရှိုး ကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ အောင်နိုင်ဦး(ဘ)ဦးသောင်းရွှေ မောင်းနှင်လာသည့် FUSO အမျိုး အစား မော်တော်ယာဉ်အမှတ်၊ SHAN-1L/----  အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁ ပီပါလျှင် ၁၈၀ လီတာခန့်ပါ ပီပါ ၅၄ လုံး၊ ၉၇၂၀ လီတာ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
    
အလားတူ အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာရှိ ပြည်ကြီးမင်္ဂလာ ကားကြီးဝင်းရှိ ယာဉ်ရပ်နားကွင်း၌ မသင်္ကာဖွယ်မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ Nissan အမျိုးအစား ၁၂ ဘီးယာဉ်အမှတ် ၊YGN 9N/----  ဖြစ်ကြောင်း သိရှိရပြီး ယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁ ပီပါလျှင် ၁၈၀ လီတာခန့်ပါ ပီပါ ၅၆ လုံး၊ ၁၀၀၈၀ လီတာ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
        
အဆိုပါ မော်တော်ယာဉ်များ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်များနှင့်အတူ ဖမ်းဆီး ရမိသူအား ပြင်စာနယ်မြေရဲစခန်းနှင့် မြစ်ငယ်နယ်မြေရဲစခန်းများသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News