နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာ၌ မိုင်းနင်းမိ၍ သံဃာတော် ၁ ပါးနှင့် ကပ္ပိယ ၁ ဦး မိုင်းစထိမှန် သေဆုံး၊ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ

 

နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာ၌ မိုင်းနင်းမိ၍ သံဃာတော် ၁ ပါးနှင့် ကပ္ပိယ ၁ ဦး မိုင်းစထိမှန် သေဆုံး၊ သံဃာတော် ၁ ပါး ဒဏ်ရာရရှိ

နေပြည်တော် ၊  ဇူလိုင် - ၁၄
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိယ၊ ရှင်သာမဏေ ရှင်ဣန္ဒြောဘာသနှင့် ကပ္ပိယ ဖြစ်သူ မိုင်းနိုင်ထွန်းအောင် တို့သည် ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ကျေးရွာရှိရေအား လျှပ်စစ်မှ ဘုန်းတော်ကြီးကျောင်းသို့ သွယ်တန်းထားသောမီးကြိုးများအား လိုက်လံစစ်ဆေး စဉ် ရွာဦးစေတီ၏အနောက်ဘက် မီတာ ၂၀ ခန့်အကွာသို့အရောက်၌ သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့မှ မိုင်းဟောင်း ၁ လုံးအား မိုင်းနိုင်ထွန်းအောင် မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းနှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိယ တို့သည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ပျံလွန်တော်မူခဲ့ပြီး ရှင်သာမဏေ ရှင်ဣန္ဒြောဘာသ တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
    
အဆိုပါ မိုင်းထိလူနာအား ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် လိုအပ်သည့် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Recent News