ငါန်းဇွန်မြို့နယ်ရှိ မြစ်ကမ်းထိန်းနံရံပြိုကျမှုအား နယ်မြေခံတပ်မတော်သားများက ရွာသူ၊ ရွာသားများနှင့်အတူ မြစ်ကမ်းထိန်းနံရံပြုပြင်ဆောင်ရွက်

 

ငါန်းဇွန်မြို့နယ်ရှိ မြစ်ကမ်းထိန်းနံရံပြိုကျမှုအား နယ်မြေခံတပ်မတော်သားများက ရွာသူ၊ ရွာသားများနှင့်အတူ မြစ်ကမ်းထိန်းနံရံပြုပြင်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၄
    
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာအနီးရှိ မြစ်ကမ်းထိန်းနံရံသည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်း တွင် အလျား ၂၀၀ ပေ၊ အမြင့် ၁၅ ပေခန့်ပြိုကျမှုဖြစ်ပွားခဲ့ရာ ရွာသူ၊ ရွာသားများက မျောတိုင်၊ ဝါးတိုင်၊ သစ်ကိုင်း၊ သဲအိတ်များအသုံးပြု၍ ယာယီမြစ်ကမ်းထိန်းနံရံပြုလုပ်ခဲ့သည်။
    
အဆိုပါ မြစ်ကမ်းထိန်းနံရံထပ်မံပြိုကျမှုမရှိစေရေးအတွက် ဇူလိုင် ၁၃ ရက်မှ စတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရွာသူ၊ ရွာသားများနှင့် ပူးပေါင်း၍ မျောတိုင်၊ ဝါးတိုင်၊ သဲအိတ်များဖြင့် ယာယီမြစ်ကမ်းထိန်းနံရံများ ပြုလုပ်ပေးခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုအခြေအနေများအား စောင့်ကြည့်လျက်ရှိကာ ယနေ့တွင်လည်း မြစ်ကမ်းထိန်း နံရံပြိုကျနိုင်သည့် နေရာများ၌ နယ်မြေခံတပ်မတော်သားများက ရွာသူ၊ ရွာသားများနှင့် ပူးပေါင်း၍ ယာယီမြစ်ကမ်းထိန်းနံရံများ ဆက်လက်ပြုလုပ်ပေးခဲ့ရာ ပေ ၂၀၀ ပြီးစီး၍ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

Recent News