COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၄
        
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ သည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊  အထွေထွေရောဂါကုဆေးရုံကြီး၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နှင့် ပူတာအိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နှင့် မိုင်းရယ်မြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နှင့် ခိုလမ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ သထုံမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် မြဝတီမြို့တို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကလိန်အောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မအူပင်မြို့၊ ရေကြည်မြို့နှင့် ကျုံပျော်မြို့များရှိ မြို့နယ်ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နှင့် ဟုမ္မလင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးသင်ကြားရေးဆေးရုံ၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေကျင်မြို့၊ ကွင်းဆိပ်တိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြ သည်။
    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ၊ကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေကျင်မြို့၊ ကွင်းဆိပ်တိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News