မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်း

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၈
    
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ပြုလုပ်ရာ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်နှင့် ပါရဂူအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်သံမှူး Senior Colonel Xiong Shaowei  နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
    
ဦးစွာ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တပ်မှူးက နှုတ်ခွန်းဆက်စကားပြော ကြားပြီး  မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်သံမှူးက ပေးအပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
    
ထို့နောက် စစ်သံမှူးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ပေးအပ်ရာ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
    
မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးအပ်ရာတွင်  COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် အသုံးပြုသည့် Face Shield အခု ၁၀၀၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အခု ၁၀၀၀၀၊ တရုတ်နိုင်ငံထုတ်နှာခေါင်း စည်း ၂၅၀၀ ခု၊Hand Gel(500ml) ပုလင်း ၁၄၀၊Hand Gel(50ml )ပုလင်း၂၀၀၊ ပိုးသတ်ဆေးအထုပ် ၇၈၀ နှင့် ပိုးသတ်ဆေးပုလင်း ၂၀ တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
    
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက စုစုပေါင်း ယွမ် ၁ သိန်းတန်ဖိုးရှိ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် အတွင်းရှိ တပ်မတော်ဆေးရုံများနှင့် ဌာနချုပ်/ကျောင်းများသို့ ဆက်လက်ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News