အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲ(၆၇)ဘဏ်မြောက် တောင်သာဘဏ်ခွဲဖွင့်လှစ်

 

အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲ(၆၇)ဘဏ်မြောက် တောင်သာဘဏ်ခွဲဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၂၉

အင်းဝဘဏ်လီမိတက်၊ တောင်သာဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲပရိဝုဏ်တွင် ကျင်းပရာ အခမ်း အနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး၊ မိတ္ထီလာတပ်နယ်နှင့် ကျောက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြန်မာစီးပွားရေးကော် ပိုရေးရှင်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ အင်းဝဘဏ်လီမိတက်အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန် နံနက် ၉ နာရီ ၉ မိနစ်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုဦးက အင်းဝဘဏ်လီမိတက်၊ တောင်သာဘဏ်ခွဲ ဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးကာ ဘဏ်ခွဲ ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြ သည်။ ယနေ့ဖွင့်လှစ် လိုက်သော အင်းဝဘဏ်လီမိတက်၊ တောင် သာဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၇)ဘဏ်မြောက်ဘဏ်ခွဲဖြစ်ပြီး ဥယျာဉ်တော်ရပ်၊ မိတ္ထီလာ-မြင်းခြံ ကားလမ်းဘေး၊ တောင်သာမြို့တွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်ချေးငွေများထုတ် ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order)  များထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုးထုတ်ပေး ခြင်း၊Debit Card များထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ အင်းဝ ဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သောဝန် ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအပြင် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စာရင်းသေအပ်ငွေအပေါ် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားအလိုက် မူတည် ၍ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းမတည် ရင်းနှီးလုပ်ကိုင်လိုသူများအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိကာ ယခုတောင်သာ ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ (၆၇) ဘဏ်မြောက် ဘဏ်ခွဲဖြစ်ကြောင်း သိရှိရသည်။

 

Recent News