အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ ဇူလိုင် - ၃၁
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ချောင်းမကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့မÍ္ဇူဘုန်းတော်ကြီးကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက  ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News