အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃၁
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သာသနဝံသဓမ္မာရုံ၌ ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ ပုသိမ်မြို့၊ နိဂြောဓါရုံ၊ ညောင်ပင်သာကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိသုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓါရုံ၊ ညောင်ပင်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။    ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
    
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဧရာဝတီတိုင်းဒေသကြီး၊ သံဃာ့နာယကဥက္ကဋ္ဌ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တ သောဘိတ ထံမှ အနုမောဒနာတရားနာကြားပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News