တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့များနှင့်မိသားစုများ အတွက် စားသောက်ဖွယ်ရာများလှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့များနှင့်မိသားစုများ အတွက် စားသောက်ဖွယ်ရာများလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၁
    
COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း သွားလာမှုကန့်သတ်ချက်ရှိသဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာရိုးရာလက်ဝှေ့အဖွဲ့ များနှင့်မိသားစုများကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်ကြက်ဥများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနာယက ဦးရဲအောင် ၊ ဥက္ကဋ္ဌ ဦးမျိုးမောင်မောင်စိုးနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြ သည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနေက် လက်ဝှေ့ပညာရှင် ၂၂၅ ဦးအတွက် ဆန် ၅၇ အိတ်၊ ဆီ ၁၁၃ ပိဿာ၊ ပဲ ၁၁၃ ပိဿာ၊ ဆား ၁၁၃ ပိဿာနှင့် ကြက်ဥ ၂၂၅၀ လုံးတို့ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ လက်ဝှေ့ဆပ်ကော်မတီ နာယကနှင့်ဥက္ကဋ္ဌတို့က လက်ခံရယူပြီး  ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News