ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃၁
    
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ရေဘေးရှောင်ပြည်သူ ၂၂၄ ဦးကို ရွှေဂူကြီးဘုရားဝန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ ခတ္တိရရပ်ကွက်နှင့် တောင်(၂)ရပ်ကွက်  တို့ရှိ ရေဘေးရှောင်ပြည်သူ ၄၁ ဦးကို တောင်လက်ကြီးဘုရားဝန်းသို့ လည်းကောင်း၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာရှိ ရေဘေးရှောင်ပြည်သူ ၄၆ ဦးကို ရေဘေး လွတ်ရာနေရာသို့လည်းကောင်း ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သက်ဆိုင်ရာ တပ်နယ်များမှ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးခြင်း၊ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးမှုများကို တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး ရေဘေးရှောင်ပြည်သူအိမ်ထောင်စု ၇၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး နှင့် နေအိမ်ဆောက်လုပ်ရန်ဝါးလုံး ၂၀၀ လုံးတို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News