မိုင်းနောင်မြို့အနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ်များနှင့် ကဖင်းအမှုန့်များ သိမ်းဆည်းရမိ

 

မိုင်းနောင်မြို့အနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ်များနှင့် ကဖင်းအမှုန့်များ သိမ်းဆည်းရမိ

နေပြည်တော်၊ သြဂုတ်- ၂
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသောတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁ ရက်မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့် တွင် မိုင်းနောင်မြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့် အကွာနေရာ၌ ကျေးသီးမြို့ဘက်မှ မိုင်းနောင်မြို့ဘက်သို့ မောင်းနှင်လာသော ကန်ဒါ ၁၂ ဘီးယာဉ်အမျိုးအစား ယာဉ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်အားရပ်တန့်ထားခဲ့ပြီး ယာဉ်ပေါ်ပါ ၂ ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ၎င်းယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ပလတ်စတစ်ပီပါ/ပုံးများ ဖြင့်ထည့် ထားသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ် ၁၁၆၀၀ လီတာခန့်၊ ကဖင်းအမှုန့် ၂၀၀ ကီလို ဂရမ်ခန့်(အက်ဆစ်များနှင့်ကဖင်း အမှုန့်များ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်၊အက်ဆစ်များနှင့် ကဖင်းအမှုန့်များအား မိုင်းနောင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Recent News