အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေး

 

အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ သြဂုတ် - ၂
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေး နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အင်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စုစည်း ညီညွတ်စွာဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ အင်းလေးဒေသရပ်မိရပ်ဖများ၊ အင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသည့် အင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အင်းလေးဒေသရပ်မိရပ်ဖများက အင်းလေးဒေသအတွင်း ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးကြရာ တိုင်းမှူးက ဆွေးနွေး ချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News