ရေတာရှည်မြို့နယ်နှင့်ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးပြုလုပ်

 

ရေတာရှည်မြို့နယ်နှင့်ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၂
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောက်ကြီးမြို့၊ မြောင်ဦးကျေးရွာနှင့် သာစည်ကျေးရွာတို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက  ကျောင်းဝင်း များ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း နှင့် အမှိုက်များရှင်းလင်းခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News