ထန်းတပင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

 

ထန်းတပင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၂
    
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက် တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ၃၀ ဦးတို့အတွက် ဆန် ၂၉ အိတ်၊ ဆီ ၃၂ ပိဿာ၊ ကြက်သွန်နီ ၃၀ ပိဿာ၊ အာလူး ၃၀ ပိဿာ၊ ဆား ၃၂ ပိဿာ၊ ခေါက်ဆွဲခြောက် ၅ ဖာနှင့် ကြက်ဥ ၃၀၀ လုံးတို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

Recent News