ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ရွှေတောင်မြို့နှင့် ပြည်မြို့နယ်တို့ရှိ ရေဘေးရှောင် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

 

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ရွှေတောင်မြို့နှင့် ပြည်မြို့နယ်တို့ရှိ ရေဘေးရှောင် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ သြဂုတ် - ၂
    
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ရွှေမျက်မှန် ဘုရား ရေဘေးရှောင်စခန်းတွင် ပြောင်းရွှေ့ရောက်ရှိနေသည့် ယွန်းတန်းရပ်ကွက်မှ ရေဘေးရှောင်ပြည်သူ ၂၉၂  ဦးနှင့် ပြည်မြို့နယ်၊ ဇလုံတောင်ဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့ရောက်ရှိနေသည့် ဇလုံတောင်ကျေးရွာမှ ရေဘေးရှောင်ပြည်သူ ၅၈ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများက သွားရောက်ကြည့်ရှုအားပေးပြီး အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၃၅ ကျပ်သားနှင့် ကြက်ဥ ၅ လုံးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News