အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၂
    
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၃၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခ ဓမ္မာရုံ၌ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇောတိကာရုံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း ကြပြီး ဇောတိကာရုံကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များနာယူကာ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇောတိကာရုံကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။

Recent News