နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်    

နေပြည်တော်၊  သြဂုတ် ၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေးတို့အတွက် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက်၁ဝ နာရီ မိနစ် ၄ဝ နှင့် မွန်းလွဲ ၂ နာရီခွဲခန့်တို့တွင် အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက်ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက နှစ်ကြိမ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ ပစ်ကူပေးခဲ့ပြီး လိုအပ်သည့် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေး Counter-terrorism Operation  ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News