AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

 

 

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

နေပြည်တော်၊ သြဂုတ် - ၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာရှိ အမျိုးသမီး ၁ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး အား နင်းမိပေါက်ကွဲ သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာနေ မဝ(ဘ)ဦးတင်အေး(မွေးရာပါ မှတ်ဉာဏ်ချို့ယွင်းနေသူ)သည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် နေအိမ်မှ တစ်ဦးတည်း ထွက်သွားခဲ့ကြောင်း၊ နံနက် ၇ နာရီခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်မှ ပေါက်ကွဲ သံကြားရသောကြောင့် ၎င်း၏ ဖခင်ဖြစ်သူနှင့် ရွာသား ၃ ဦး တို့က လိုက်လံရှာဖွေရာ ကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ မ၀ ကို မိုင်းစထိမှန်ဒဏ်ရာများဖြင့် လဲကျနေသည့်ကို တွေ့ရှိခဲ့သဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် အမ်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News