မိတ္ထီလာမြို့နယ်၊ သဲတောလေးကျေးရွာအဝင်တူးမြောင်းပေါ်တွင် ဆောက်လုပ်ထားသည့် ကွန်ကရစ်ခင်း သံလုံးကာတံတား ကျိုးကျပျက်စီးမှုအားကူညီ

မိတ္ထီလာမြို့နယ်၊ သဲတောလေးကျေးရွာအဝင်တူးမြောင်းပေါ်တွင် ဆောက်လုပ်ထားသည့် ကွန်ကရစ်ခင်း သံလုံးကာတံတား ကျိုးကျပျက်စီးမှုအားကူညီ

နေပြည်တော်၊ သြဂုတ် - ၄
    
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း သြဂုတ် ၂ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂဠုံကုန်းကျေးရွာအုပ်စု၊ သဲတောလေးကျေးရွာ အဝင်တူးမြောင်းပေါ်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အလျား ၄၀ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ခင်း သံလုံးကာတံတားမှာ ရေတိုက်စားမှုကြောင့်ကျိုးကျ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါနေရာသို့ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော် သားများက သွားရောက်၍ တံတားအောက်ရှိပိတ်ဆို့နေသော အမှိုက်များ၊ သစ်တုံးသစ်စများနှင့် သစ်ကိုင်းများဖယ်ရှားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News