ကျောက်ကြီးမြို့မ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကျောက်ကြီးမြို့မ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၄
    
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျောက်ကြီးမြို့မ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန် ၄၇ အိတ်၊ ဆီ ၅၁ ပိဿာ၊ ကြက်သွန်နီ ၄၉ ပိဿာ၊ အာလူး ၄၉ ပိဿာ၊ ဆား ၅၁ ပိဿာ၊ ခေါက်ဆွဲခြောက် ၇ ဖာနှင့် ကြက်ဥ ၄၉၀ လုံးတို့ကို ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များက လက်ခံရယူကြသည်။
    
ထို့ပြင် နယ်မြေခံဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်  COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News