မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေဝင်ရောက်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်)၌ သန့်ရှင်းရေးလုပ်ငန်းများကူညီဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေဝင်ရောက်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်)၌ သန့်ရှင်းရေးလုပ်ငန်းများကူညီဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၄
    
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း သြဂုတ် ၃ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ရွှေညောင်)ရှိ စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်စာသင်ကျောင်းသို့ ယနေ့တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်မှတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ နှင့်ဆရာ၊ဆရာမများပူးပေါင်း၍ ရေများဖောက်ထုတ်ခြင်းနှင့်နုန်းများဖယ်ရှားရှင်းလင်းခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရှိသည်။

Recent News