ဟင်္သာတမြို့နှင့် မြန်အောင်မြို့များတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးပျက်စီးမှု ကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဟင်္သာတမြို့နှင့် မြန်အောင်မြို့များတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးပျက်စီးမှု ကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၃
    
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ် ကျေးရွာ ဆည်မြောင်းရေကာတာသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေကာတာပေါက် ပြီး ကျေးရွာအချို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။
    
ထိုသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဖောင်ဆိပ်ကျေးရွာရှိ နေအိမ် ၂ လုံးကို ရေဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ၊ ငှက်တောကျေးရွာရှိ နေအိမ် ၇ လုံးကို ကူညီ ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း၊ တာထိန်းသိမ်းခြင်း၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက်ကမ်းတစ်လျှောက်ရေစီးအား ထိန်းရန် Floatting Unit  ပြုလုပ်ခြင်း၊ အရန် ရေထိန်းတာဆောင်ရွက်ခြင်းနှင့်သဲအိတ်ဖို့ခြင်းများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News